favourite icon တွေဟာ browsers တွေရဲ့ address bar ဘေးမှာ ပေါ်တဲ့ icon သေးသေးလေးဖြစ်ပါတယ်။ ဒီ icon လေးတွေက web site တွေရဲ့ brand သို့ မှတ်မိလွယ်တဲ့ စာသားတွေ ဖြစ်တတ်ပါတယ်။ မြင်သာအောင် အောက်က ပုံမှာကြည့် ကြည့်ပါ။
သင့်မှာ web site ရှိတယ်ဆိုပါဆို့ .. နောက် ဒီလို icon လေးထည့်ချင်တယ်ဆိုရင် ဘယ်လို လုပ်ရမယ်ဆိုတာကို အကြမ်းရေးပေးလိုက်ပါတယ်။
- icon အဖြစ်သုံးချင်တဲ့ ပုံ (သို့) စာသားကို JPG / PNG တမျိုးမျိုး လေးထောင့်ကျကျ လုပ်လိုက်ပါ။ အောက်က ပုံကို ကြည့်ပါ။
- နောက် ဒီပုံကို http://tools.dynamicdrive.com/favicon/ မှာ တင်လိုက်ပြီး generate လုပ်လိုက်ပါ။ လုပ်ပြီးရင် အဲ့ဒီပုံကို ico file အနေနဲ့ ဆွဲချလိုက်ပါ။
- ရလာတဲ့ .ico ဖိုင်ကို သင့်ရဲ့ web site က တနေရာရာမှာ တင်လိုက်ပါ။ ဥပမာ "images" folder ထဲကို ထည့်လိုက်တယ်ဆိုပါဆို့။
- နောက်ဆုံးအဆင့်ကတော့ HTML ဖိုင်မှာ ဒီ icon ကို browser တွေ ဖတ်တဲ့အခါ သုံးအောင် ပြောမယ့် meta script လေးထည့်ပေးဖို့ပါဘဲ။ ဆိုကြပါဆို .ico ရဲ့ နာမည်က "favicon.ico" နဲ့ သူ့ကို "images" folder ထဲ ထည့်ထားတယ်ဆိုရင် သင့်ရဲ့ HTML ဖိုင်ရဲ့ </head> မတိုင်ခင်မှာ
<link rel="icon" type="image/png" href="/images/favicon.ico" />
ဆိုတဲ့ စာကြောင်းလေးထည့်ပေးလိုက်တဲ့အခါ
browser ရဲ့ favicon က သင့်ဆိုက်ကို ကြည့်တဲ့အခါ စောစောက တင်ထားတဲ့ ico ကို တွေ့နိုင်မှာဖြစ်ပါတယ်။
